The Voice အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို ဖမ်းဆီး


2017.06.03

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာနဲ့ ပတ်သက်ပြီး ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဗဟန်းမြို့နယ် ရဲစခန်းက ဒီနေ့ ဆင့်ခေါ်ထားပြီး ညနေပိုင်းအချိန် အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

ဗဟန်းရဲစခန်းမှာ ရောက်နေတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။