The Voice အမှုကိစ္စ ရှေ့နေ ဦးခင်မောင်မြင့်နဲ့ မေးမြန်းချက်
2017.06.03
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့် အဖမ်းဆီးခံနေရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ဆက်လက်ဖမ်းချုပ်ထားဖု့ိအတွက် ရုံးပိတ်ရက်ဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ ဗဟန်းမြို့နယ် တရားရုံးကနေ ချုပ်ရမန် ပေးလိုက်ပါတယ်။ အဲဒီလို ရမန်ပေးလိုက်တာဟာ သာမာန် ရုံးလုပ်ငန်းစဉ်နဲ့ လွဲချော်နေတယ်လို့ ဖမ်းဆီးခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
ရှေ့နေ ဦးခင်မောင်မြင့်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။