ဗွိုက်စ်သတင်းစာ အယ်ဒီတာချုပ်ကို ဖမ်းဆီး


2017.06.02

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ “ပြည်ထောင်စုသစ္စာ” ရုပ်ရှင်ဇာတ်ကားကို “ကျည်ထောင်စုသစ္စာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာ ရေးသားခဲ့တာနဲ့ပတ်သက်ပြီး ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဗဟန်းမြို့နယ်ရဲစခန်းက ဒီနေ့ ဖမ်းမိန့်နဲ့ ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဗဟန်းရဲစခန်းရောက် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။