လဟယ်မှာ တံတား ၈ စင်းပျက်စီး
2017.06.03
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညက မိုးကြီးခဲ့တာကြောင့် ကျေးရွာတွေနဲ့ လဟယ်မြို့ကို အဓိကလမ်းတွေကို ဆက်သွယ်ထားတဲ့ တံတား ၈ စင်း ရေမျှောပျက်စီး သွားပါတယ်။ အဲလိုတံတားတွေ ပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတယ်လို့ လဟယ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ် က ပြောပါတယ်။
လဟယ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။