မဘသ ပြောင်းလဲရပ်တည်ချက်ဖွဲ့စည်းပုံ မဟန ထံ တင်ပြရမည်
2017.06.05
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုတဲ့နာမည်ကို မသုံး စွဲဖို့ ကြေညာချက်ထုတ်ပြန်ပြီးနောက် မဘသအနေနဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုတဲ့အမည်နဲ့ ဆက်လက် ရပ် တည်သွားမယ်လို့ ကြေညာထားပါတယ်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အဖြစ် ပြောင်းလဲရပ်တည်မယ်ဆိုရင် ဖောင်ဒေးရှင်းရဲ့ ဖွဲ့စည်းပုံနဲ့ ရပ်တည် ချက်တွေ ကို မဟနထံ တင်ပြရမှာဖြစ်ပြီး တင်ပြချက်ပေါ်မူတည်ပြီးမှ ခွင့်ပြုချက်ပေး မပေး ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ နိုင် ငံတော်သံဃမဟာနာယကအဖွဲ့က ဆရာတော် ဦးကေသရာဘိဝံသက မိန့်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆရာတော်ဦးကေသရာဘိဝံသကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။