သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-23
ရခိုင်ပြည်နယ်မှာ ဒေသခံ နိုင်ငံရေးသမားတွေ၊ အမျိုးသားရေးသမားတွေက လူတွေစိုးရိမ်စိတ် ပိုများလာအောင် လုပ်နေကြသလို အစိုးရ တပ်မတော်ကလည်း ရခိုင်ပြည်နယ်ကို စစ်တပ်အင်အား တိုးမြင့်ပို့ဆောင်နေပါတယ်။
2017-08-23
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၂၀ ခန့်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက သွားရောက်လေ့လာခဲ့ပါတယ်။
2017-08-23
ရာသီတုပ်ကွေး H1N1 နဲ့ ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကြောင့် ကျဆင်းသွားတဲ့ ကြက်သားဈေးကွက် ပြန်တက်လာဖို့နဲ့ ပြည်သူတွေ ယုံယုံကြည်ကြည်နဲ့ စားသုံးနိုင်ဖို့အတွက် ကြက်သားစားပွဲတော်တွေအပြင် ကြက်ဥ၊ ကြက်သား အရောင်းပွဲတော်တွေကို မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ပြီး ကျင်းပပေးနေပါတယ်။
2017-08-23
မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ Sea Game အားကစားပွဲမှာ မနေ့ကကျင်းပတဲ့ မလေးရှားနဲ့ မြန်မာဘောလုံးပွဲအပြီး အိမ်ပြန်ကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့အတွက် ၈ ယောက်လောက် ထိခိုက်ဒဏ်ရာရကြတယ်လို့ သိရပါတယ်။
2017-08-22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးကော်မတီသစ်ကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2017-08-22
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တစ်မြို့လုံးရဲ့ အမှိုက်တွေကိုသိမ်းတဲ့ အောင်ဂရုဏာ ကုမ္ပဏီဟာ အစိုးရနဲ့ သဘောတူထားစဉ်က ချမှတ်ထားတဲ့ စည်းကမ်း ချက်တွေကိုလိုက်နာမှုမရှိဘူးဆိုပြီး မူဆယ် ဒေသခံ ၆၀၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-08-22
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးအတွက် ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး တရားရုံးမှာ ဒီနေ့ အယူခံတင်သွင်းရာ တရားရုံးက လက်ခံလိုက်ပါတယ်။
2017-08-22
ကချင်ပြည်နယ် ဆဒုံးဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနေ့ကဆန်အိတ်တွေသွားရောက်လှူဒါန်း ရာမှာ အတားခံခဲ့ရတယ်လို့ ၈၈ မျိုးဆက် အဖွဲ့က မမီးမီးက ပြောပါတယ်။
2017-08-20
မြန်မာအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် ဆီးဂိမ်း အမျိုး သား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို မြန်မာ ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက် လက်မှတ်ခွဲတမ်း ကိုးထောင်နီးပါးရရှိမှာဖြစ်ပြီး ပရိသတ်တွေ လုံခြုံရေး အတွက် မလေးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။
2017-08-20
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီတွေဟာ အလုပ်သမားတွေရဲ့ တစ်နေ့ဝင်ငွေနဲ့ ထွက်ငွေအခြေအနေ စစ်တမ်း ကောက်ယူနေပါတယ်။
2017-08-20
အစိုးရထံ တင်ပြမယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အကြံပေး အစီရင်ခံစာမှာ ပြည်နယ်ရဲ့ စီးပွားရေးမြှင့်တင်ဖို့၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေနဲ့ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးတို့အတွက် အကြံပြုချက်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
2017-08-20
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဗဟိုဌာနချုပ်ကို ဒီနေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းခဲ့သလို ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ခဲ့ပါတယ်။
2017-08-20
ဒီကနေ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ ခုက ရွှေ့ပြောင်းအလုပ်သမား ၁ ထောင်ကျော်က ဆန္ဒပြကြပါတယ်။
2017-08-19
လက်ရှိ NLD အစိုးရပြင်ဆင်ရေးဆွဲတဲ့ ၂ဝ၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဝမ်းတွင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟ ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
2017-08-19
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက သုံးသောင်းကျော် ပြန်လည်ရရှိရေး အတွက် ကျေးရွာ ၅ ရွာက တောင်သူ ၄၀၀ ကျော်က ပေါက်မြို့နယ်မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။