မြန်မာ-မလေး ဘောလုံးပွဲအပြီး မြန်မာပရိသတ်တချို့ တိုက်ခိုက်ခံရ
2017.08.23
မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ Sea Game အားကစားပွဲမှာ မနေ့ကကျင်းပတဲ့ မလေးရှားနဲ့ မြန်မာဘောလုံးပွဲအပြီး အိမ်ပြန်ကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့အတွက် ၈ ယောက်လောက် ထိခိုက်ဒဏ်ရာရကြတယ်လို့ သိရပါတယ်။
မြန်မာ-မလေးရှားဘောလုံးပွဲမှာ မြန်မာအလုပ်သမားတွေ အိမ်အပြန်လွယ်ကူအောင် ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တချို့က ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။
မနေ့က ဘောလုံးပွဲအပြီး မြန်မာအလုပ်သမားတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဌ ဦးသက်ခိုင်စိုး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။