သိမ်းဆည်း လယ်ယာမြေတွေပြန်လည်ရရှိရေး ဆန္ဒပြ
2017.08.19
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက သုံးသောင်းကျော် ပြန်လည်ရရှိရေး အတွက် ကျေးရွာ ၅ ရွာက တောင်သူ ၄၀၀ ကျော်က ပေါက်မြို့နယ်မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ပေါက်မြို့နယ်၊ မြှားပိုင်းကျေးရွာက တောင်သူ မတင်တင်ကြူ ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။