မလေးရှားနဲ့ မြန်မာ ဘောလုံးပွဲ ခွဲတမ်းလက်မှတ်ရရှိထားတဲ့ အကြောင်း မေးမြန်းချက်
2017.08.20
မြန်မာအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို မြန်မာပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက် လက်မှတ်ခွဲတမ်း ကိုးထောင်နီးပါးရရှိမှာဖြစ်ပြီး ပရိသတ်တွေ လုံခြုံရေးအတွက် မလေးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ကိုဇော်မင်းထိုက် ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။