အနည်းဆုံးအခကြေးငွေနှုန်းအသစ်အတွက် စစ်တမ်းကောက်ယူ
2017.08.20
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီတွေဟာ အလုပ်သမားတွေရဲ့ တစ်နေ့ဝင်ငွေနဲ့ ထွက်ငွေအခြေအနေ စစ်တမ်း ကောက်ယူနေပါတယ်။
အဲဒီစစ်တမ်းတွေကို လာမယ့် စက်တင်ဘာလကုန်နောက်ဆုံးထားပြီး အမျိုးသားကော်မတီ ဆီကို တင်ပြကြရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ဦးဝင်းဇော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။