ခိုတောင်းကျွန်း လူသတ်မှု နောက်ဆုံးအယူခံ တရားရုံးလက်ခံ


2017.08.22

ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးအတွက် ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး တရားရုံးမှာ ဒီနေ့ အယူခံတင်သွင်းရာ တရားရုံးက လက်ခံလိုက်ပါတယ်။

အဆင့်မြင့်တရားရုံးအနေနဲ့ ပြစ်ဒဏ်ကို အရင်တရားရုံးတွေအတိုင်း ချမှတ်မယ်ဆိုရင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းသွားမှာ ဖြစ်တယ် လို့ မြန်မာသံရုံးအထူး ကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန့် ကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။