အထည်ချုပ်စက်ရုံတွေကို တိုင်းလွှတ်တော်ကော်မတီ သွားရောက်လေ့လာ


2017.08.23

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၂၀ ခန့်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက သွားရောက်လေ့လာခဲ့ပါတယ်။

စက်ရုံအချို့မှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား အလုပ်အကိုင် ခန့်အပ်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားမှုမရှိတာနဲ့ တချို့စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေ မဖွဲ့စည်းနိုင်သေးတာတွေကို တွေ့ရတယ်လို့ ကော်မတီအတွင်းရေးမှူး ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကပြောပါတယ်။

ဦးကျော်ဇေယျ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။