သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-19
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ် စက်ရုံက အလုပ်သမား ၅ဝဝ ခန့်ဟာ လုပ်ခ လစာတွေ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-19
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းစခန်းကို တပ်မတော်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းယူခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ပစ်ခတ်မှုတွေရှိတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကပြောပါတယ်။
2016-12-19
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်ရင်း ၃ နယ်မြေ လိုင်ဖောင်စခန်းမှာ KIA နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး လိုင်ဖောင်စခန်းအနီးတဝိုက်က ဒုက္ခသည်စခန်း ၄ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၃သောင်းလောက်ဟာ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
2016-12-17
တရုတ်နယ်စပ်ကို အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ မူဆယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ကုန်တင်ကား၊ ခရီးသည်တင်ကားတွေ အတက်ကားရော အဆင်းကားတွေပါ ကားစီးရေ ထောင်ချီပြီး လမ်းတွေပိတ်နေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက်ရှိနေပါပြီ။
2016-12-17
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAက ဖမ်းဆီးခေါ် ဆောင် သွားခဲ့တဲ့ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုက ဒေသခံ ၂၄ ဦးထဲက ၆ ဦးကို TNLA ဘက်က ပြန်လွှတ်ပေး လိုက်ပြီးမနေ့ညက နေအိမ်တွေကို ပြန်လည်ရောက်ရှိလာတယ် လို့ ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။
2016-12-17
တနင်္သာရီမြစ်ထဲမှာ KNU အဖွဲ့ပိုင်တဲ့ ကုမ္ပဏီက အသေးစားဆိပ်ကမ်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို အရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။
2016-12-15
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဦးဖြစ်တဲ့ ဦဉာဏ်ဝင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပြောဆိုဝေဖန်မှုတွေ အများကြီးမှားယွင်းနေကြောင်းနဲ့ ပြဿနာတွေရဲ့နောက်ကွယ်မှာ နိုင်ငံခြားသားတွေ နိုင်ငံခြားအဖွဲ့အစည်းတွေပါဝင်နေတဲ့အတွက် အစိုးရအနေနဲ့ အချိန်ယူဖြေရှင်းရမှာဖြစ်ကြောင်း RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။
2016-12-15
Farmer ဂျာနယ်တိုက်ရဲ့ မန္တလေးသတင်းတာဝန်ခံ ကိုကျော်သူရမျိုးကို လူလေးယောက်ပါတဲ့အဖွဲ့က မန္တလေးမြို့၊ လမ်း ၇၀ ၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားမှာ မနေ့ည ၁၀ နာရီခန့်က ချောင်းရိုက်ခဲ့တာကြောင့် မျက်နှာနဲ့ ဦးခေါင်းပိုင်းမှာ ထိခိုက်ဒဏ်ရာတွေရှိခဲ့ပါတယ်။
2016-12-15
ဒီဇင်ဘာလ ၁၃ ရက်နေ့က အလဲဗင်းမီဒီယာဂရုရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းသမားတွေ လုံခြုံစိတ်ချစွာ သတင်းရယူနိုင်ဖို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့က အလေးအနက်ထားဆောင်ရွက်ပေးဖို့ Pen Myanmar အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-12-15
ကမ္ဘာ့ရေနံဈေးနဲ့ ပြည်တွင်းက ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်နေတာကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းတွေဟာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။
2016-12-15
ထိုင်းနိုင်ငံရဲ့ ၁၀ ယောက်မြောက်ဘုရင် မဟာဗဂျီ ယာလောင်ကွန် နန်းတက်တဲ့ အထိမ်းအမှတ်အနေနဲ့ အခုလ ၂၅ ရက်နေ့မတိုင်ခင် အကျဉ်းသား အယောက် တစ်သိန်းနီးပါးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမှာဖြစ်ပြီး အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ လိပ်ကျွန်းလူသတ်မှုကြောင့် အကျဉ်းကျခံနေရ တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ပါဝင်ခွင့်ရဖို့ မြန်မာနိုင်ငံသားတွေဘက် က မျှော်လင့်နေကြပါတယ်။
2016-12-14
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ပန်ကွမ်ရွာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တွေနဲ့ ရွာသား ၂၄ ယောက်ကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ကို SNLD ပါတီက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-12-14
NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ လမ်းကြောင်းပိတ်ထားတဲ့ သဘောမျိုးမဟုတ်ဘဲ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ခွင့်ပြုသင့်ပြီး လက်ရှိ မြေပြင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ UNFC အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-12-13
ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အခုလ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လွှတ်တော်ဆိုင်ရာ ညီလာခံတစ်ခု တက် ရောက်ဖို့ နိုင်ငံတကာအသိပညာပေး အဖွဲ့ IRI က ဖိတ်ခေါ်ခဲ့တာကို လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပယ်ချပြီး NLD ကိုယ်စားလှယ်တစ်ဦးကို အစား ထိုးစေလွှတ်ခဲ့ပါတယ်။
2016-12-13
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဟာ မောင်တောမြို့နယ်ကို မနေ့က စတင်ရောက်ရှိပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ကိစ္စတွေအပေါ် ဒေသခံ ရွာသားတွေကို တေ့ွဆုံမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။