ကုန်စည်စီးဆင်းရာ လမ်းကြောင်း ပိတ်နေတာ မေးမြန်း
2016.12.17
တရုတ်နယ်စပ်ကို အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ မူဆယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကုန်တင်ကား၊ ခရီးသည်တင်ကားတွေ အတက်ကားရော အဆင်းကားတွေပါ ကားစီးရေ ထောင်ချီပြီး လမ်းတွေပိတ်နေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက်ရှိနေပါပြီ။ ဒီကနေ့မှာလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာနားကနေစပြီး သန္နီမြို့အထိ ကားတွေပိတ်နေတယ်လို့ အဲဒီနေရာမှာရောက်နေတဲ့ ကုန်တင်ယာဉ်မောင်း ကိုပြုံးချို က ပြောပါတယ်။
ကိုပြုံးချို ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။