KNU စီးပွားရေးလုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့ ကန့်ကွက်တဲ့အကြောင်း မေးမြန်းချက်
2016.12.17
တနင်္သာရီမြစ်ထဲမှာ KNU အဖွဲ့ပိုင်တဲ့ ကုမ္ပဏီက အသေးစားဆိပ်ကမ်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်နေကြ ပါတယ်။ ဒေသခံတွေရဲ့ မြေယာ သိမ်းဆည်းခံရမှာနဲ့ သစ်ခုတ်မှာကို စိုးရိမ်တဲ့အတွက် အခုလို ကန့်ကွက်တာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားနေတဲ့ ထားဝယ်အခြေစိုက် တာကပေါလူငယ်အဖွဲ့ရဲ့ ဦးဆောင်သူ မနော်ပီသလော က ပြောပါတယ်။
မနော်ပီသလော ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။