ကမ္ဘာ့ရေနံဈေးနဲ့ ဒေါ်လာဈေး မြင့်တက်
2016.12.15
ကမ္ဘာ့ရေနံဈေးနဲ့ ပြည်တွင်းက ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်နေတာကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေဟာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။
ဒီကနေ့ အောက်တိန်းဆီ တစ်လီတာကို ကျပ် ၇၀၀ ကျော်အထိ ရောက်ရှိနေပြီး ဒီဇယ်ဆီလည်း တစ်လီတာကို ကျပ် ၆၈၀ နဲ့ ရောင်းချနေရတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းက ပြောပါ တယ်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက ဦးစိုင်းဝမ်းလှိုင် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။