Farmer ဂျာနယ်တိုက်ရဲ့ မန္တလေးသတင်းတာဝန်ခံ ရိုက်နှက်ခံရ


2016.12.15

Farmer ဂျာနယ်တိုက်ရဲ့ မန္တလေးသတင်းတာဝန်ခံ ကိုကျော်သူရမျိုးကို လူလေးယောက်ပါတဲ့အဖွဲ့က မန္တလေးမြို့၊ လမ်း ၇၀ ၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားမှာ မနေ့ည ၁၀ နာရီခန့်က ချောင်းရိုက်ခဲ့တာကြောင့် မျက်နှာနဲ့ ဦးခေါင်းပိုင်းမှာ ထိခိုက်ဒဏ်ရာတွေရှိခဲ့ပါတယ်။

ဆိုင်ကယ်မောင်းရင်း အိမ်ပြန်လာစဉ်မှာ ချောင်းရိုက်ခံရတာဖြစ်ပြီး သူ့အနေနဲ့ ဘယ်သူနဲ့မှ ရန်ညှိုး ရန်စ မရှိကြောင်း ကိုကျော်သူရမျိုး က ပြောပါတယ်။ လက်ရှိ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုကျော်သူရမျိုးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။