RCSS နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်


2016.12.17
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAက ဖမ်းဆီးခေါ် ဆောင်သွားခဲ့တဲ့ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုက ဒေသခံ ၂၄ ဦးထဲက ၆ ဦးကို TNLA ဘက်က ပြန်လွှတ်ပေးလိုက်ပြီးမနေ့ညက နေအိမ်တွေကို ပြန်လည်ရောက်ရှိလာတယ် လို့ ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တွေ မပါဝင်သေးသလို ကျေးရွာသားတွေကလည်း စိုးရိမ်မှုတွေ ရှိနေသေးတာကြောင့် ကျောက်မဲမြိုပေါ်မှာ ဆက်လက် တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။