သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-11
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့မှာ အိန္ဒိယနယ်စပ်ဂိတ်ကို ပိတ်လိုက်တဲ့အတွက် အိန္ဒိယဘက်က ကုန်စည်တွေကို မှီခိုနေရတဲ့ ပန်ဆောင်ဒေသခံတွေအတွက် စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေပါတယ်။
2017-02-11
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှာ မနေ့က အသက် ၂၄ နှစ်ခန့်ရှိတဲ့ မလိဆန်ပန်ဆိုတဲ့ အမျိုးသမီးဟာ နေအိမ်ကဈေးဆိုင်မှာ ဓါးဒဏ်ရာ ၁၉ ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။
2017-02-11
မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ ပန်ဒါအထည်ချုပ်စက်ရုံမှာ ၈ လကျော်ကြာ ဆန္ဒပြနေတဲ့ အလုပ်သမားနဲ့ အလုပ်ရှင်တွေကို တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းပေးထားတဲ့ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်တွေက ကြားဝင်ညှိနှိုင်းပေးတာကြောင့် မနေ့က အဆင်ပြေခဲ့ပြီး ဒီနေ့မနက်မှာတော့ သပိတ်စခန်းကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
2017-02-11
တနင်္သာရီမြို့နယ်က မြို့နယ်ခန်းမမှာ တနင်္သာရီမြစ်အတွင်းမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး GMS Power Public ကုမ္ပဏီကနေ ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2017-02-09
မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့မှာ အလုပ်ရှင် ဘက်က စာချုပ်ပါအချက်လက်တွေကို ချိုးဖောက်လို့ ၈ လကျော်ကြာ ဆန္ဒပြနေတဲ့ ပန်ဒါအထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား မူအားဖြင့် အကြမ်းဖျင်း သဘောတူညီမှု ရရှိပြီလို့ မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ အမျိုးသား လွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေး ရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
2017-02-09
တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့ တရားခံကို ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုးကို မနေ့က အင်းစိန်မြို့နယ် မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရုံးက ခေါ်ယူမေးမြန်းခဲ့ပါတယ်။
2017-02-08
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တွေအတွင်း စက်ရုံတွေရှေ့မှာ ကျူးကျော်တဲတွေ ဆောက် လုပ်ပြီး ငွေကြေးတောင်းယူတာတွေ ရှိနေပေမယ့် သက်ဆိုင်ရာဌာနတွေက ဖြေရှင်းဆောင်ရွက်ပေး တာတွေ ထိရောက်မှုမရှိတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေတယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်း က ပြောပါတယ်။
2017-02-08
ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ပါဝင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်မှာဖြစ်ပါတယ်။
2017-02-07
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က YBS စနစ်စတင်ပြောင်းလဲချိန်ကနေ ဒီနေ့အထိ စည်းကမ်းချိုးဖောက်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၅၀ ကျော်ကို အရေးယူ ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
2017-02-07
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးကြောင်း မနေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
2017-02-07
ဝက်သက်ရောဂါအဖြစ်များတဲ့ ရန်ကုန်တိုင်းဒေသ ကြီး လှိုင်သာယာ၊ အင်းစိန်၊ သာကေတ၊ တွံတေးနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေမှာ ဒီနေ့က စပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ အသက် ၉ လကနေ ၁၅ နှစ်အရွယ်ကလေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေး ထိုးပေးသွားမှာ ဖြစ်ပါတယ်။
2017-02-07
ပြီးခဲ့တဲ့အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ MICA အဖွဲ့ကို ဖျက်သိမ်းပြီး အဲဒီအဖွဲ့က သိမ်းယူထားတဲ့ စက်ရုံ၊ လုပ်ငန်း၊ မြေယာတွေကို ဘယ်လိုစီမံထားလဲဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရှင်းလင်းပေးဖို့ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၇ က ဒေါက်တာအားကာမိုး က အဆိုကို တင်သွင်းခဲ့ရာမှာ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။
2017-02-05
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရား လွှတ်တော်ရှေ့နေဦး ကိုနီ လုပ်ကြံခံရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဖက်က ပြည်တွင်းဆွေးနွေးပွဲတွေ တက်ရောက်ဖို့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေ ပါတယ်။
2017-02-05
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO တာဝန်ရှိသူတွေ၊ ပအိုဝ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော်တာဝန်ရှိသူတွေ ရှမ်းပြည်နယ်မှာ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ့်အချိန်နဲ့ နေရာကို ဒီနေ့ တောင်ကြီးမြို့မှာ ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။
2017-02-04
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်တိုင်းရင်း သားတွေ ကန့်ကွက်နေတဲ့ ဘာသာစကားနဲ့ အစိုးရက မေယု FM လိုင်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။