ဦးအောင်စိုးနဲ့ မေးမြန်းချက်
2017.02.09
တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့ တရားခံကို ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုးကို မနေ့က အင်းစိန်မြို့နယ် မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရုံးက ခေါ်ယူမေးမြန်းခဲ့ပါတယ်။
အင်းစိန် စီအိုင်ဒီရုံးက ရဲမှူးအဆင့်ရှိသူ ရဲအရာရှိတစ်ဦးက ဦးအောင်စိုးကို မနက် ၉ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီထိ ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သတ်ပြီး RFA သတင်းထောက် မသက်စုအောင်က ဦးအောင်စိုးကို ဆက်သွယ် မေးမြန်းထားပါတယ်။