အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ALP ဒေါ်စောမြရာဇာလင်း ကို မေးမြန်းချက်
2017.02.07
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးကြောင်း မနေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ ပြင်ဆင်နေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။