မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံး
2017.02.11
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှာ မနေ့က အသက် ၂၄ နှစ်ခန့်ရှိတဲ့ မလိဆန်ပန်ဆိုတဲ့ အမျိုးသမီးဟာ နေအိမ်ကဈေးဆိုင်မှာ ဓါးဒဏ်ရာ ၁၉ ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။
အဲဒီလိုအသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီနေ့မနက် ရင်ခွဲစစ်ဆေးခဲ့တဲ့ အခြေအနေတွေအပေါ် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။