မေယု FM ထုတ်လွှင့်
2017.02.04
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ ဘာသာစကားနဲ့ အစိုးရက မေယု FM လိုင်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။
ဒီ FM လိုင်းဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံထုတ်လွှင့်မှာမဟုတ်ဘဲ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တဝိုက်က ဒေသခံတွေ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သိရှိနိုင်အောင် ရည်ရွယ်တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင် ကပြောပါတယ်။
အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။