တနင်္သာရီမြစ်အတွင်း တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း


2017.02.11

တနင်္သာရီမြို့နယ်က မြို့နယ်ခန်းမမှာ တနင်္သာရီမြစ်အတွင်းမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး GMS Power Public ကုမ္ပဏီကနေ ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

အဲဒီပွဲမှာ ဒေသခံတွေက စီမံကိန်းကို လက်မခံဘဲ ကန့်ကွက်တဲ့အနေနဲ့ No Dam ဆိုတဲ့ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။