ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးမယ့် အကြောင်း မေးမြန်းချက်
2017.02.07
ဝက်သက်ရောဂါအဖြစ်များတဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ အင်းစိန်၊ သာကေတ၊ တွံတေးနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေမှာ ဒီနေ့က စပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ အသက် ၉ လကနေ ၁၅ နှစ်အရွယ်ကလေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။