သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စုက မယ့်လင်ချောင်မှော်မှာ အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကုမ္ပဏီက တွေ့ရှိထားတဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကို ကျပ်သန်းပေါင်း ၁ သောင်းကျော် ဈေးသတ်မှတ်ထားပါတယ်။
2017-11-15
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးမှူး၊ ဒုဦးစီးမှူး နဲ့ အဆင့်မြင့် မြေတိုင်းစာရေးတို့ကို အဂတိ လိုက်စားမှု၊ ပြည်သူလူထုကို မထီမဲ့မြင်ပြုမှု စတဲ့အချက်တွေနဲ့ နမ့်စန်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ထံ တိုင်ကြားထားပါတယ်။
2017-11-15
ထိုင်းနိုင်ငံ လော့ဘူရီမြို့နယ် ဘန်ပုံနယ်မြေမှာ အိမ်အကူအလုပ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် နော်ညိုညိုအေး (ခေါ်) နော့်ဝါ သေဆုံးမှုနဲ့ ပတ်သက်လို့ သံသယဖြစ်စရာ အချက် ၂၀ လောက် တွေ့ရပြီး သေကြောင်းကြံစည်မှုလား၊ လုပ်ကြံခံရမှုလား ဆိုပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းနိုင်ငံက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို မကြာခင်မှာ တင်ပြသွားဖို့ စီစဉ်နေတယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
2017-11-15
နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန်တို့ရဲ့ဆွေးနွေးပွဲဟာ အင်မတန်အပြုသဘောဆောင်ပြီး မြန်မာ-အမေရိကန် ၂ နိုင်ငံအကြား ကုန်သွယ်မှုတိုးတက်ရေးအတွက် အားတက်စရာဖြစ်တယ်လို့ တက်ဆက်ပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးထွန်းတင် က ဝေဖန်ပြောကြားလိုက်ပါတယ်။
2017-11-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားပြုရာရောက်နေတဲ့ အတွက် ကန့်ကွက်ကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၇ခုက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ RFA ကို အင်္ဂါနေ့ညက ပြောကြားလိုက်ပါတယ်။
2017-11-13
ကေအိုင်အေနဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်း က နေရပ် စွန့်ခွာထွက်ပြေးနေကြသူတွေ နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရာမှာ အစိုးရနဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေ ပါဝင်ဆောင်ရွက်မှု အားနည်းနေ တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။
2017-11-13
ဖားကန့်ဒေသက ရေမဆေးသမားတွေရဲ့ ရပ်တည်ရေးအတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် သက်ဆိုင်ရာ အဖဲ့ွအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့ရက်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ လက်ရှိလုံခြုံရေး အခြေအနေတွေ၊ အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာနိုင်တဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး မောင်တော လွှတ်တော်အမတ် ဦးမောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-12
ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သံဃာ ၃ပါးထဲက မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ဒီနေ့နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။
2017-11-12
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ UWSA ၀ အဖွဲ့ဟာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မိုင်းလားအဖွဲ့ NDAA နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2017-11-12
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား နိုဝင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့အထိ ၁၂ ရက်ကြာအောင် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2017-11-12
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး တားမြစ်သွားမယ်လို့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ မနေ့က ပြုလုပ်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-11-12
နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေ အများအပြား ရှိနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသက ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ပြည်နယ်အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2017-11-11
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လူ့အခွင့်အရေး အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင် တက်ရောက်နေပါတယ်။