ဖိအားကြောင့် တရုတ်နဲ့ ပိုနီးသွားဟု ဦးဝင်းထိန်ပြောကြား
2017.11.14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ RFA ကို အင်္ဂါနေ့ညက ပြောကြားလိုက်ပါတယ်။ ဦးဝင်းထိန် နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။