၀ အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံ


2017.11.12

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ UWSA ၀ အဖွဲ့ဟာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မိုင်းလားအဖွဲ့ NDAA နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က တရုတ် အထူးသံကိုယ်စားလှယ်နဲ့ FPNCC အဖွဲ့ဝင်တွေ တွေ့ဆုံမှုအပါအဝင် ဝ၊ မိုင်းလားအဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ သီးခြားစီတွေ့ဆုံနေတာနဲ့ပတ်သက်ပြီး FPNCC အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA က ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။