ထိုင်းနိုင်ငံက မြန်မာအိမ်ဖော်သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ရှေ့နေနဲ့ မေးမြန်းချက်
2017.11.15
ထိုင်းနိုင်ငံ လော့ဘူရီမြို့နယ် ဘန်ပုံနယ်မြေမှာ အိမ်အကူအလုပ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် နော်ညိုညိုအေး (ခေါ်) နော့်ဝါ သေဆုံးမှုနဲ့ ပတ်သက်လို့ သံသယဖြစ်စရာ အချက် ၂၀ လောက် တွေ့ရပြီး သေကြောင်းကြံစည်မှုလား၊ လုပ်ကြံခံရမှုလား ဆိုပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းနိုင်ငံက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို မကြာခင်မှာ တင်ပြသွားဖို့ စီစဉ်နေတယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကနေပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဥပဒေအကြံပေးအရာရှိအဖြစ် တာဝန်ပေးအပ်ခံထားရတဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။