သံဃာတွေနဲ့ သီလရှင်တွေ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ မကြွကြဖို့ တားမြစ်မည်
2017.11.12
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး တားမြစ်သွားမယ်လို့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ မနေ့က ပြုလုပ်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။