တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး ပြသရောင်းချမယ့်အကြောင်း မေးမြန်းချက်


2017.11.16

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စုက မယ့်လင်ချောင်မှော်မှာ အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကုမ္ပဏီက တွေ့ရှိထားတဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကို ကျပ်သန်းပေါင်း ၁ သောင်းကျော် ဈေးသတ်မှတ်ထားပါတယ်။

အဲဒီကျောက်စိမ်းအရိုင်းတုံးကို ဖြတ်တောက်ပြီး ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်မယ့် ကျောက်မျက်ရတနာပြပွဲမှာ ပြသရောင်းချဖို့ စီစဉ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။