နမ့်စန်မြို့နယ်က အဂတိလိုက်စားမှု
2017.11.15
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးမှူး၊ ဒုဦးစီးမှူး နဲ့ အဆင့်မြင့် မြေတိုင်းစာရေးတို့ကို အဂတိလိုက်စားမှု၊ ပြည်သူလူထုကို မထီမဲ့မြင်ပြုမှု စတဲ့အချက်တွေနဲ့ နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ထံ တိုင်ကြားထားပါတယ်။
အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး စုံခုံဖွဲ့ကာ နမ့်စန်မြို့မှာ ၃ ကြိမ် စစ်ဆေးခဲ့တယ်လို့ တိုင်ကြားထားတဲ့ နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးနေဇော်နိုင်က ပြောပါတယ်။
ဦးနေဇော်နိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။