သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-03
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီအချိန်က ဖမ်းဆီးရိုက်နှက်ခံရပြီး ဦးခေါင်းကွဲ လက်ရိုး ထိသွားတဲ့ ကိုကျော်ကိုကို သေကံမရောက်သက်မပျောက်ဘဲ နေအိမ်မှာ ဆေးကုနေရပါတယ်။
2021-03-03
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ သွေးထွက်သံယိုမှုတွေကို ဖြေရှင်းနိုင်ဖို့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ထပ်မံကျင်းပဖို့ ပြင်ဆင်နေပါတယ်။
2021-03-02
မတ်လ ၂ ရက် ညနေပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ အမှတ် (၅) ရပ်ကွက်မှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ကိုသီဟဇော် (ခ) နောင်နောင် သေဆုံးသွားခဲ့ပါတယ်။
2021-03-02
ဧရာဝတီတိုင်း ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့ရုံးက ရဲတပ်သားနှစ်ယောက်ဖြစ်တဲ့ ကိုဝဏ္ဏထွန်းနဲ့ ကိုမျိုးသန့်တို့ဟာ မတ်လ ၂ ရက်နေ့ ဒီကနေ့မှာ ရဲဝန်ထမ်းအလုပ်ကနေ နုတ်ထွက်လိုက်ပြီး အာဏာဖီဆန်ရေး လူထုလုပ်ရှားမှု CDM မှာပါဝင်လာပါတယ်။
2021-03-02
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လောစ့်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံရုံးအုပ် ဒေါ်မြမြကြည်ဟာ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဒီကနေ့ မတ်လ ၂ ရက်နေ့ကစပြီး CDM ဝန်ထမ်းလှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။
2021-03-02
ရန်ကုန်မြို့ မြေနီကုန်းဆန္ဒပြပွဲမှာ သတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးကို ထောင်ဒဏ် သုံးနှစ်ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်လိုက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်နေပါတယ်။
2021-03-01
ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၈ရက် နေ့က သေဆုံးသွားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအတွက် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRYH)က ထောက်ပံ့ငွေ ၅သိန်းစီ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
2021-03-01
တနသာၤရီတိုင်း မြိတ်မြို့ရဲ့ DVB သတင်းထောက်ကိုအောင်ကျော်ကို စစ်တပ်က ဒီကနေ့ ည ၁၁ နာရီမှာ လာဖမ်းသွားတယ်လို့ သူ့ရဲ့ ဇနီးက RFA ကို အတည်ပြုပြောပါတယ်။
2021-02-28
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2021-02-28
အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု Civil Disobedient Movement မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို အာဏာသိမ်းစစ်အစိုးရက ဖိအားပေးတာတွေ ရှိနေပေမဲ့ ဒီလှုပ်ရှားမှုကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာမ ဒေါ်ချမ်းပေါက ပြောပါတယ်။
2021-02-28
တပ်မတော် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းတပ်ဖွဲ့ ယာယီရဲမှူး တင်မင်းထွန်း ပါဝင်လာပါတယ်။
2021-02-28
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ တပ်နဲ့ ရဲတပ်ဖွဲက သပိတ်စစ်ကြောင်းတွေကို ကျည်အစစ်နဲ့ အကြမ်းဖက်ဖြိုခွဲတာကြောင့် သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ နဲ့ ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိပါတယ်။
2021-02-27
ဆန္ဒပြနေတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးပြီးနောက် ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာတွေ မန္တလေးမြို့မှာ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။