CDM မှာ ပါဝင်လာတဲ့ ပုသိမ်က ရဲဝန်ထမ်းနှစ်ဦး

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.03.02

ဧရာဝတီတိုင်း ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့ရုံးက ရဲတပ်သားနှစ်ယောက်ဖြစ်တဲ့ ကိုဝဏ္ဏထွန်းနဲ့ ကိုမျိုးသန့်တို့ဟာ မတ်လ ၂ ရက်နေ့ ဒီကနေ့မှာ ရဲဝန်ထမ်းအလုပ်ကနေ နုတ်ထွက်လိုက်ပြီး အာဏာဖီဆန်ရေး လူထုလုပ်ရှားမှု CDM မှာပါဝင်လာပါတယ်။

လက်ရှိသူတို့နှစ်ယောက်ဟာ ပုန်းရှောင်နေရတာဖြစ်ပါတယ်။ သူတို့ ဘာကြောင့် CDM မှာပါဝင်လာသလဲဆိုတာနဲ့ သူတို့ရဲ့ အခက်အခဲတွေကို RFA ဝိုင်းတော်သား စောဖိုးခွားက မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။