အကြမ်းဖက်ပစ်ခတ်ခံရလို့ သေဆုံးသူတွေအတွက် CRYH ကူညီ
2021.03.01
ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၈ရက် နေ့က သေဆုံးသွားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအတွက် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRYH)က ထောက်ပံ့ငွေ ၅သိန်းစီ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
CRYH ကော်မတီဝင် ဦးတင့်လွင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။