မန္တလေးမှာ ဖမ်းဆီးခံရသူတွေကို ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေး
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးခင်မောင်ဇော်ထံ ကိုယ်စားလှယ်လွှဲစာ မရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။
ဒါဟာ စွပ်စွဲခံထားရသူနဲ့ ရှေ့နေဘက်က ထုချေခွင့် အခွင့်အရေးဆုံးရှုံးတာဖြစ်ပြီး၊ ကုလ သမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်ဆုံးရှုံးနေတာဖြစ်သလို မျှတတဲ့တရားစီရင်ရေးဖြစ်လာဖို့ အန္တရာယ်ရှိတယ်လို့ တရားလွှတ်တော်ရှေနေ့ ဦးခင်မောင်ဇော်က ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေတွေနဲ့ စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားတာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ဒုတိယအကြိမ် ရုံးချိန်းကို လာမယ့် မတ်လ ၁ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။