ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ ဆက်လက်အသိအမှတ်ပြု
2021.02.28
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြု ထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
နိုင်ငံဝန်ထမ်းဥပဒေနဲ့ နည်းဥပဒေတို့ကို ဖောက်ဖျက်လို့ တာဝန်ကနေရပ်စဲလိုက်လိုက်တဲ့အကြောင်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင် လက်မှတ်ထိုးပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့စွဲနဲ့ ကြေညာခဲ့ပေမယ့်၊ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂကနေ အတည်ပြုပြီးဖြစ် တာကြောင့် သူ့အနေနဲ့ ဒီတာဝန်ကို ဆက်လက်ထမ်းဆောင်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။