မြိတ်မြို့ဆန္ဒပြသူတွေ ဖြိုခွင်းခံရတဲ့ အခြေအနေ
2021.02.28
တနင်္သာတိုင်း၊ မြိတ်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက်အစောပိုင်းကတည်းက စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းတွေကို တပ်နဲ့ ရဲက အကြမ်းဖက် ဖြိုခွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုကြောင့် ဖမ်းဆီးခံရသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။ ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးရာကနေ လွတ်မြောက်လာသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။