သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကစပြီး သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတဲ့အတွက် တစ်ရက်ကို လူနာအယောက် ၂၀ လောက်တိုးလာတာကြောင့် မူဆယ်ဆေးရုံကြီးမှာ နေရာထိုင်ခင်း မလုံလောက်ဘဲ ဖြစ်နေပါတယ်။
2017-10-12
အမေရိကန်ပြည်ထောင်စု အိုင်ဒါဟိုပြည်နယ်၊ ဘရစ်ဟမ်း ယန်း (Brigham Young) တက္ကသိုလ်မှာကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-10-12
ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU အရ အစိုးရကခွင့်ပြုထားတဲ့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်ခံခဲ့ရတဲ့အပြင် ထိုင်းဥပဒေအရ တရားမဝင် အလုပ်သမားတွေအဖြစ် လုပ်ကိုင်ခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
2017-10-12
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က အဖွဲ့ဝင် ၂၀ ကျော်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို ဒီနေ့ကနေ လာမယ့် အောက်တို ဘာလ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။
2017-10-11
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် NCA ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ် ရှိ မရှိကို အဖွဲ့ အတွင်း ဆွေးနွေးပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ UNFC အဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။
2017-10-11
အာဆီယံ ၁၀ နိုင်ငံနဲ့ ဥရောပနိုင်ငံ ၂၈ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2017-10-11
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အကြီးစားပြင်ဆင်ပြီးတဲ့နောက် ဒီနှစ်ဇွန်လကုန်ပိုင်းမှာ ပြန်လည်ပတ်ပါတယ်။
2017-10-11
ARSA မွတ်စလင် အကြမ်းဖက်အဖွဲ့က တဖက် သတ်ကြေညာထားတဲ့ တစ်လ အပစ်ရပ် ကာလကျော်လွန်လာတဲ့နောက် အဲဒီအဖွဲ့ရဲ့ အကြမ်းဖက်လာနိုင်တဲ့ အလားအလာတွေ ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-11
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာအုပ်စုမှာရှိပြီး နှစ်ပေါင်းတစ်ရာလောက်ကပဲ မိဘဘိုးဘွားတွေ ဓားမဦးချနေထိုင်လာတဲ့ ချင်းကုန်းကျေးရွာက မြေဧက ၄၀ ကို နယ်မြေခံ မဟုတ်သူတစ်ယောက်နဲ့ ဌာနဆိုင်ရာပူးပေါင်းပြီး သိမ်းယူတဲ့ အမှုအခင်းဖြစ်ပွားနေပါတယ်။
2017-10-11
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ညက ဒေသခံရွာသားတွေနဲ့ ငှက်ပျောခြံလုပ်သားတွေ အပါအဝင် ခန့်မှန်းအယောက် ၅၀ ကျော်ကို ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီထဲက ဆိုင်လော်နဲ့ ကောင်ခမ်းရွာက ရှမ်းလူငယ် ၆ ယောက်ကို ကေအိုင်အေက အောက်တိုဘာလ ၆ရက်နေ့ညမှာ ပြန်လွှတ်ခဲ့ပါတယ်။
2017-10-11
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပါအဝင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောပါတယ်။
2017-10-10
ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ အစားအသောက် အနေအထိုင်နဲ့ ကျန်းမာရေး လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။
2017-10-10
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက တည်ငြိမ်နေတယ်ဆိုပေမယ့် ဒေသခံတွေအကြား အကြမ်းဖက်မှုတွေ တစ်ကျော့ပြန်ကြုံလာမှာကို စိုးရိမ်နေကြဆဲပဲလို့ မောင်တောမြို့နယ်ရဲ့ အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောပါတယ်။
2017-10-10
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမအင်အား လုံလောက်မှုမရှိတာကြောင့် စာသင်ကျောင်းတစ်ကျောင်း လနဲ့ချီပြီး ယာယီပိတ်ထားရသလို ကျေးရွာ ၉ ရွာက ကျောင်း ၉ ကျောင်း မှာလည်း စာသင်ကြားပေးဖို့ အခက်အခဲတွေဖြစ်နေပါတယ်။
2017-10-10
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၈ ဖွဲ့တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ နိုင်ငံတော်အဆင့် ကျင်းပမှာဖြစ်ပါတယ်။