ထိုင်းနိုင်ငံက အလုပ်သမား ၁ဝဝ ကျော် မြဝတီမြို့ကို ပြန်လည်ရောက်ရှိ
2017.10.12
ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU အရ အစိုးရကခွင့်ပြုထားတဲ့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်ခံခဲ့ရတဲ့အပြင် ထိုင်းဥပဒေအရ တရားမဝင် အလုပ်သမားတွေအဖြစ် လုပ်ကိုင်ခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီ အလုပ်သမား တွေဟာ ထိုင်းနိုင်ငံကနေ ပြန်လာကြပြီး ဒီကနေ့မှာ မြန်မာနိုင်ငံက မြဝတီမြို့ကို ပြန်လည်ရောက်ရှိလာကြပါတယ်။
ထိုင်းနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင်ဖြစ်တဲ့ ကိုမျိုးကျော်သိန်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။