၁၃ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

0:00 / 0:00

အာဆီယံ ၁၀ နိုင်ငံနဲ့ ဥရောပနိုင်ငံ ၂၈ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ၁၃ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။