ကေအိုင်အေကနေ ပြန်လွတ်လာတဲ့ ရှမ်းအမျိုးသမီးနဲ့ မေးမြန်းချက်
2017.10.11
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ညက ဒေသခံရွာသားတွေနဲ့ ငှက်ပျောခြံလုပ်သားတွေ အပါအဝင် ခန့်မှန်းအယောက် ၅၀ ကျော်ကို ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီထဲက ဆိုင်လော်နဲ့ ကောင်ခမ်းရွာက ရှမ်းလူငယ် ၆ ယောက်ကို ကေအိုင်အေက အောက်တိုဘာလ ၆ရက်နေ့ညမှာ ပြန်လွှတ်ခဲ့ပါတယ်။
ကျန်နေသေးတဲ့ အယောက် ၅၀ ကျော်ကို ပြန်လွှတ်ပေးစေချင်တယ်လို့ လွတ်မြောက်လာခဲ့တဲ့ ဆိုင်လော်ရွာက အသက် ၂၄ နှစ်အရွယ် ရှမ်းတိုင်းရင်းသူ နန်းအေမောင်းက ပြောပါတယ်။
နန်းအေမောင်းကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။