NCA စာချုပ်အပေါ် UNFC ဦးထွန်းဇော် အမြင်


2017.10.11

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် NCA ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ် ရှိမရှိကို အဖွဲ့အတွင်း ဆွေးနွေးပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ UNFC အဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။

၂ နှစ်ပြည့် အခမ်းအနားကို UNFC အပါအဝင် အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်သွားမယ်လို့ အခမ်းအနားဖြစ်မြောက်ရေး စီစဉ်နေသူတွေက ပြောထားပါတယ်။

လက်ရှိ NCA စာချုပ်ပါ အချက်တွေအပေါ် အမြင်နဲ့ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး UNFC အဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။