NCA ၂နှစ်ပြည့် အခမ်းအနား ကျင်းပမယ့်အကြောင်း မေးမြန်းချက်
2017.10.11
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပါအဝင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောပါတယ်။
အဲဒီအခမ်းအနားမှာ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးတင်ပြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။