မူဆယ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ


2017.10.12

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကစပြီး သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတဲ့အတွက် တစ်ရက်ကို လူနာအယောက် ၂၀ လောက်တိုးလာတာကြောင့် မူဆယ်ဆေးရုံကြီးမှာ နေရာထိုင်ခင်း မလုံလောက်ဘဲ ဖြစ်နေပါတယ်။ ဆေရုံမှာ နေထိုင်ခင်း မလုံလောက်တဲ့အတွက် တိုးချဲ့ဆောင်နဲ့ ကားထားတဲ့ နေရာတွေမှာပါ ယာယီအကာအရံတွေလုပ်ပြီး လူနာတွေကို ထားရတယ်လို့ မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။
မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။