သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-26
မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို စစ်ရာဇဝတ်ကျူးလွန်မှုနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ပြီးအရေးယူဖို့ အမေရိကန်အခြေစိုက် ကချင်အဖွဲ့၊ ဗြိတိန်အခြေစိုက် BRO-UK ရိုဟင်ဂျာအဖွဲ့နဲ့ HRW/ Fortify Rights စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက အမေရိကန်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2018-07-26
ရှမ်းပြည်နယ် ညောင်ရွှေမြို့က အင်းလေးကန် ကျွန်းမျောဧရိယာထဲမှာ ဟိုတယ်ဆောက်ဖို့ ကုမ္ပဏီတခုက လျှောက်ထားတာကို ကန့်ကွက်ဖို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ လက်မှတ်တွေ ကောက်ယူနေပါတယ်။
2018-07-26
ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC) မှာ ပထမဆုံးအကြိမ် ကျင်းပသွားမယ်လို့ သိရပါတယ်။
2018-07-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် ဘားအံမြို့က ရေဘေးကယ်ဆယ်ရေး စခန်းတွေကို ဒီနေ့သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံခဲ့သလို ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2018-07-25
၂ဝ၁၈ နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ၇ လအတွင်း မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၄၅ ယောက် သေဆုံးခဲ့ပြီး ရောဂါဖြစ်ပွားသူ ၈၂ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။
2018-07-25
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေထဲက ဦးဆောင်သူတွေကို ရဲအင်အား ၂ဝဝ ကျော်နဲ့ ဒီနေ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2018-07-25
ဝါရှင်တန် ဒီစီ ရှိ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကမ္ဘာတလွှားက နိုင်ငံခြားရေးဝန်ကြီးတွေ၊ လူမှုရေးနဲ့ ဘာသာရေး ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစည်းအဝေးတခုကို အင်္ဂါနေ့က စတင်ကျင်းပနေပါတယ်။
2018-07-24
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနဲ့ သူတို့ရဲ့ စီးပွားရေးလူမှုရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2018-07-24
ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးနဲ့ မိုင်းနောင်ဒေသမှာ အစိုးရတပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်အကြား မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2018-07-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆယ်ရက်အတွင်း ဒုတိယအကြိမ်အဖြစ် ဒီနေ့မနက်အစောပိုင်းက မြေထပ်ပြိုပြန်ပါတယ်။
2018-07-23
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဖို့ နေပြည်တော် အထိ ချီတက်ဆန္ဒပြမယ့် သူတွေကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။
2018-07-23
မြန်မာနိုင်ငံရဲ့ အမျိုးသားထုတ်ကုန် GDP အသားတင်တန်ဖိုးဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားသလို၊ အစိုးရကလည်း မြန်မာ့စီးပွားရေး ဦးမော့လာနိုင်တယ်လို့ ပြောထားပါတယ်။
2018-07-23
ရန်ကုန်တိုင်းအတွင်းက စက်ရုံ ၁၄ ရုံ ပိတ်သိမ်း လိုက်တာရကြောင့် အလုပ်သမား ၃၇၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်သွားတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က စီစစ်တွေ့ရှိချက်တွေကို ထုတ်ပြန်ထားပါတယ်။
2018-07-23
ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးရေလျှံနေလို့ မြဝတီမြို့က ဒေသခံ လူဦးရေ နှစ်ထောင်ခန့်ဟာ ရေဘေးဒုက္ခကြုံနေကြရပြီး ကယ်ဆယ်ရေးစခန်း ၈ ခုလောက် ဖွင့်ထားရပါတယ်။
2018-07-23
မွန်ပြည်နယ်မှာ သတင်းထောက်ကိုပါကြီး အသတ်ခံရတဲ့ အမှုကြီးလိုက်တဲ့အခါပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ် သတင်းလိုက်တဲ့အခါဖြစ်ဖြစ် ကြုံတွေ့ရတာတွေကို လောလော ဆယ်မှာ The Speaker News Journal အတွက် သတင်းထောက်လုပ်နေတဲ့ မော်လမြိုင် အခြေစိုက် ဦးနေမင်းကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။