ဖားကန့်မြေပြိုကျမှု ဆက်သွယ်မေးမြန်းချက်


2018.07.24

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆယ်ရက်အတွင်း ဒုတိယအကြိမ်အဖြစ် ဒီနေ့မနက်အစောပိုင်းက မြေထပ်ပြိုပြန်ပါတယ်။ မိုးရွာလို့ တကြိမ် ပြိုသွားတဲ့နေရာမှာ ကျောက်ရတတ်တဲ့အတွက် သွားရှာချိန်မှာ နောက်တချီ မြေပြိုသွားတာပါ။ ဒီအကြောင်း ဆက်သွယ်မေးမြန်းချိန်အထိ အလောင်းတလောင်းမှ မရသေးပေမဲ့ ပြိုတဲ့နေရာမှာပဲ ရေမဆေးသမားတွေ ကျောက်ထပ်ရှာနေတယ်လို့ ဆိုပါတယ်။ မြေပြိုတဲ့နေရာကို မျက်မြင်သွားရောက်ခဲ့တဲ့ ဖားကန့်အခြေစိုက် အလွတ်သတင်းထောက် ဦးဇော်မိုးထက်ကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။