ပုသိမ်ကြီး ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်း ဆန္ဒပြပွဲအကြောင်း မေးမြန်းချက်
2018.07.25
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေထဲက ဦးဆောင်သူတွေကို ရဲအင်အား ၂ဝဝ ကျော်နဲ့ ဒီနေ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ ဒေသခံ ဦးရွှေအုန်းကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။