ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆက်သွယ်မေးမြန်းချက်
2018.07.24
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မွတ်စလင်ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနဲ့ သူတို့ရဲ့ စီးပွားရေး လူမှုရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ပေးရေးအတွက်ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို ဇူလိုင်လ ၂၃ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကို RFA ဝိုင်းတော်သူ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။