ရှမ်းမြောက်တိုက်ပွဲတွေအကြောင်း လုံ/နယ်ဝန်ကြီးနဲ့မေးမြန်းချက်
2018.07.24
ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးနဲ့ မိုင်းနောင်ဒေသမှာ အစိုးရတပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်အကြား မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာလည်း RCSS/SSA နဲ့ TNLA ပလောင်လွတ်မြောက်ရေး တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် နမ္မတူ၊ မိုင်းကိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ဇူလိုင် ၉ ရက်နေ့ကစပြီး ဘေးလွတ်ရာထွက်ပြေးရတဲ့ အရပ်သား ၂,၈ဝဝ ကျော် ရှိခဲ့ပြီး တချို့လည်း နေရပ်ပြန်သွားကြပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေရပ်ဖို့အတွက် မြန်မာ့တပ်မတော်နဲ့ RCSS ဆွေးနွေးနေတယ်လို့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြောပါတယ်။ ဗိုလ်မှူးကြီးလှဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။